မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

4_Pic_01 4_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ကြိတ်တန်းကျေးရွာ တွင် (၃၀.၁၁.၂၀၁၈)နေ့၌ မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၅)ဦးတို့အတွက် (၃၂၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၀၅၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၁၀၅၀ဝ/-) ကျပ်တို့အား (၃-၁၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#ayy_dec2018
Source:     ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events