လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ ကျုံလွှတ်ကြီးကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ခွင့်ပြုငွေဖြင့် ဆောက်လုပ်မည့် School Cam Shelter အတွက် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုစာရေး၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာတာဝန်ခံများ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကာ လက်ကမ်းစာဆောင်များ နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ စုစုပေါင်းအင်အား (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ နေ့လည် (၁း၃၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း အ.မ.က(မူလွန်) ကျုံလွှတ်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူ၊ စုစုပေါင်း (၁၃၀) ခန့်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_dec2018