ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

ဒီဇင်ဘာ ၃၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Plan International Myanmar အဖွဲ့မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် လမ်းပေါ်နေကလေးများကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ကနဦးလေ့လာဆန်းစစ်ခြင်း ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆိုင်ရာဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားသည့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် Plan International Myanmar အဖွဲ့အစည်းက ကူညီဆောင်ရွက်လိုသည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_dec2018

Sign Up

Upcoming Events