Category Archives: News
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအိုခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား (၂၈-၁၁-၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် အ.ထ.က(ပူတာအို)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရသည့်ရည်ရွယ်ချက် ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်ရ မည့်အစီအစဉ်များအပါအဝင် ကြိုတင်ပြင်ဆင် ထားမှုများနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန်အတွက် ငလျင်ဇာတ် တိုက်လေ့ကျင့်ခန်းသဏ္ဍာန်တူပြုလုပ်ခြင်းများအား ရှင်း လင်းပြောကြားခဲ့ပြီး သဘာဝဘေး အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား … Read more
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ ပြင်ဘုကြီးကျေးရွာ၌ မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့် ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း လူဦးရေ (၂၅၀) ဦးပါဝင်လျက် မုန်တိုင်းဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကိုဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား ထမင်းဘူး၊ ရေသန့်နှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_str #tny_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ADRA) MYANMAR တို့နှင့် ပူးပေါင်း၍ လှိုင်းဘွဲ့မြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ သင်တန်းသား/သူ (၅၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေးသင်တန်းကို (၂၇-၁၁-၂၀၁၈) ရက်နေ့မှ (၂၈-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်တာဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_nov2018
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအို ခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပူတာအိုမြို့ နယ်၊ လုံးစွတ်စစ်ဘေးရှောင်စခန်းနှင့် ဒုတ္တန် စစ်ဘေးရှောင်စခန်းတို့ရှိ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ (၃၆၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးအား ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့်အတူ (၂၈-၁၁-၂၀၁၈)ရက်နေ့ မွန်းလွဲပိုင်း(၂:၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_nov2018 Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၊ အ.လ.က (နားကော) ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၁၁.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီချိန်တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု၊ ပိုးစုကြီးကျေးရွာ၌ ပြည်သူလူထု (၉၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်(၈)မျိုးဝေငှခဲ့ပြီး ကျေးရွာရှိ လူစည်ကားရာ နေရာများ၌ အများပြည် သူကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်း ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ (၂၈-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်ထိ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်းကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့် ဆရာ/ဆရာမ (၆၀၈) ဦးနှင့် ဌာနဆိုင်ရာမှ (၂၈) ဦး စုစုပေါင်း (၆၃၆) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_eqk #mgy_nov2018
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၈)ရက်နေ့တွင် မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား သင်တန်းသူ၊ သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား (၂၆-၁၁-၂၀၁၈)ရက်နေ့မှ (၂၈-၁၁-၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကျင်း ပပြုလုပ်ခဲ့ပြီးနောက် (၂၈-၁၁-၂၀၁၈)ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် သင်တန်းပြီးဆုံး ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ မြောက်လက်ကြီး ကျေးရွာအုပ်စု၊ မြောက်မကွေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_nov2018
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၃း၃၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုး ကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းနှင့် အုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_nov2018









