Category Archives: News
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး (၁၀-၁၂-၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀)မှ (၁၂း၀၀)ထိ အထကခွဲကျောင်း၌ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု ဝမ်တုံကျေးရွာ၌ စုစုပေါင်း (၁၅၀)ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ် အကြောင်းများ ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခဲ့ပြီး အသိပညာပေးဗီဒီယိုဖိုင်များပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ် အကြောင်းသိကောင်းစရာများ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေ ကယ်ဆယ် ခြင်းလုပ်ငန်းများ … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း
================================================ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP) နှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအား (၁၀-၁၂-၂၀၁၈) ရက်နေ့တွင် ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ ဖလမ်းခရိုင်အတွင်းရှိ မြို့နယ် (၃) မြို့နယ်မှ သင်တန်းသား/သူ(၃၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၀-၁၂-၂၀၁၈) ရက်နေ့မှ (၁၂-၁၂-၂၀၁၈) ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀- ၁၂ -၂၀၁၈) နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် မိုးညှင်းမြို့၊ ဟိုပင်မြို့နယ် တကွင်းကျေးရွာ၊ အ.ထ.ကကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၂၃၀)ဦးတို့အားလည်းကောင်း၊ ရွာသစ်ကြီးကျေးရွာ၊ အ.ထ.ကကျောင်း ၌(၁၄း၃၀)အချိန်တွင် ကျောင်းသား/ကျောင်း သူ (၂၄၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲများသွားရောက်ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_dec2018 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ်တွင်ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)တွင် (၆-၁၂-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၂,၁၈၉,၀၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၂၀)စုစာတို့အား(၁၀-၁၂-၂၀၁၈)ရက်နေ့ (၁၄း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_dec2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
“ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း” နှစ် (၇၀)ပြည့် အထိမ်အမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား
ဒီဇင်ဘာ ၁၀၊ ရန်ကုန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights -UDHR) နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်အမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌဦးဝင်းမြက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
=============================================== (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ.ထ.က(ခွဲ)ညောင်အိုင်ရှိ ကျောင်းသူ/ကျောင်းသား (၄၂၀)ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
မီးဘေးသင့် ထိခိုက်ဒဏ်ရာရပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာအုပ်စု၊ ရန်ကုန်-စစ်တွေကားလမ်းဘေး တောင်ဖြူဆည်အနီးရှိ စက်သုံးဆီ/လောင်စာဆီဆိုင်တန်းမှာ (၈-၁၂-၂၀၁၈) ရက်နေ့၊ ညနေ (၁၇း၁၀) အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် မင်းပြားမြို့နယ်၊ ပန်မြောင်းရွာသစ်နေ မောင်ဌေးဝင်း၊ အသက် (၁၈) နှစ်သည် မီးလောင်ဒဏ်ရာများရရှိ၍ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ ၎င်းဘေးသင့်ပြည်သူအား ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၉-၁၂-၂၀၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဒဏ်ရာရလူနာ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်မှု သတင်း
ဒီဇင်ဘာ ၉၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်များအား နည်စနစ်မှန်ကန်စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်ပါ သည်။ မွေးစမှ (၃)နှစ်အရွယ်အထိ ကလေးငယ်များနှင့် (၃)နှစ်မှ(၅)နှစ် အထိ မူကြိုအရွယ် ကလေးများကို ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်ရန် မိခင်အပါအဝင် မိသားစုဝင်များ၊ ရပ်ကွက်/ ကျေးရွာရှိ လူမှု အသိုင်းအဝိုင်းတစ်ခုလုံးက သိရှိနားလည် ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော ရပ်ကွက်/ကျေးရွာများ တွင် စနစ်တကျပြုစု စောင့်ရှောက်နိုင်သည့် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် … Read more









