သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း

11_Pic_01 11_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး  (၁၀-၁၂-၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀)မှ (၁၂း၀၀)ထိ အထကခွဲကျောင်း၌ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု ဝမ်တုံကျေးရွာ၌ စုစုပေါင်း (၁၅၀)ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ် အကြောင်းများ ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခဲ့ပြီး အသိပညာပေးဗီဒီယိုဖိုင်များပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ် အကြောင်းသိကောင်းစရာများ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေ ကယ်ဆယ် ခြင်းလုပ်ငန်းများ မီးငြိမ်းသတ်မှုအား လက်တွေ့ပြသခြင်း၊ ကျောင်းသူ၊ ကျောင်းသားများပူးပေါင်းပါဝင်၍ လက်တွေ့ မီးငြိမ်းသတ်ခြင်းစသည့် သဘာဝဘေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_dec2018
Source:  တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events