မီးဘေးသင့် ထိခိုက်ဒဏ်ရာရပြည်သူအား ထောက်ပံ့မှုသတင်း

9 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာအုပ်စု၊ ရန်ကုန်-စစ်တွေကားလမ်းဘေး တောင်ဖြူဆည်အနီးရှိ စက်သုံးဆီ/လောင်စာဆီဆိုင်တန်းမှာ (၈-၁၂-၂၀၁၈) ရက်နေ့၊  ညနေ (၁၇း၁၀) အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် မင်းပြားမြို့နယ်၊ ပန်မြောင်းရွာသစ်နေ မောင်ဌေးဝင်း၊ အသက် (၁၈) နှစ်သည် မီးလောင်ဒဏ်ရာများရရှိ၍ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ ၎င်းဘေးသင့်ပြည်သူအား ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၉-၁၂-၂၀၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဒဏ်ရာရလူနာ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#rke_dec2018

Sign Up

Upcoming Events