စလင်းမြို့နယ်တွင်ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

10_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)တွင်  (၆-၁၂-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့်   အိမ်ခြေ(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၀၀,၀၀၀/-)ကျပ်၊
လူဦးရေ(၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၂,၁၈၉,၀၀၀/-)ကျပ် နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၂၀)စုစာတို့အား(၁၀-၁၂-၂၀၁၈)ရက်နေ့ (၁၄း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_dec2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events