
================================================
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
==============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP) နှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအား (၁၀-၁၂-၂၀၁၈) ရက်နေ့တွင် ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ ဖလမ်းခရိုင်အတွင်းရှိ မြို့နယ် (၃) မြို့နယ်မှ သင်တန်းသား/သူ(၃၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၀-၁၂-၂၀၁၈) ရက်နေ့မှ (၁၂-၁၂-၂၀၁၈) ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။