Category Archives: News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ လှိုင်းဘုန်းအုပ်စု၊ ခရေကုန်းကျေးရွာ၌ (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးနှင့် ဘေးသင့်ပြည်သူ(၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၈၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ကျုံးကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ တာကြီးတန်းလမ်း၌ (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၅) လုံး အိမ်ထောင်စု (၅) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀၀ိ/-)နှင့် စုစုပေါင်းလူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာရန်ပုံငွေ (၄၈၃၀၀ိ/-) … Read more
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စင်ပုံကျေးရွာအုပ်စု၊ စင်ပုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ (၁၉-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီမှ (၁၆း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၆၃) ဦး၊ ဆရာ/ဆရာမ (၁၁) ဦး၊ ကျေးရွာနေပြည်သူ့ (၃၆) ဦး၊ စုစုပေါင်းလူဦးရေ (၁၁၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလင်းကောင်ရပ်ကွက်၌ (၃-၁၂-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ တစ်ဦးလျှင် (၂,၁၀၀/-) ကျပ်နှုန်းဖြင့် (၁၁) ဦးအတွက် (၂၃,၁၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ ယွန်းသွယ်ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံံ့ငွေ(၄၀၀၀၀၀ိ/-) အား (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ (၁၈-၁၂-၂၀၁၈)ရက်နေ့မှ (၁၉-၁၂-၂၀၁၈)ရက်နေ့အထိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာ အုပ်စု၊ ဘောမိကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးလှမြင့်(ဦးစီးအရာရှိ)၊ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်း မင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ ဦးထွန်းထွန်းဝင်း၊ နယ်မြေခံတပ်ခွဲမှ တပ်ခွဲမှူးနှင့် စစ်သည်များ၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘောမိကျေးရွာမှ ရပ်မိရပ်ဖများ၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာသို့ သွားရောက်၍ ပြည်သူလူထု (၁၀၀) ဦးခန့်တို့အား ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ၊ အ.ထ.က တောင်ကြာအင်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ (၇၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ဗီနိုင်းပိုစတာများအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မူဆယ်မြို့ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် အ.ထ.က (၁) ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးအားလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး … Read more









