လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မူဆယ်မြို့ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် အ.ထ.က (၁) ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးအားလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_dec2018