လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စင်ပုံကျေးရွာအုပ်စု၊ စင်ပုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ (၁၉-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီမှ (၁၆း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၆၃) ဦး၊ ဆရာ/ဆရာမ (၁၁) ဦး၊ ကျေးရွာနေပြည်သူ့ (၃၆) ဦး၊ စုစုပေါင်းလူဦးရေ (၁၁၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ar_eqk
#mgy_dec2018