
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ (၁၈-၁၂-၂၀၁၈)ရက်နေ့မှ (၁၉-၁၂-၂၀၁၈)ရက်နေ့အထိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာ အုပ်စု၊ ဘောမိကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးလှမြင့်(ဦးစီးအရာရှိ)၊ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်း မင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ ဦးထွန်းထွန်းဝင်း၊ နယ်မြေခံတပ်ခွဲမှ တပ်ခွဲမှူးနှင့် စစ်သည်များ၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘောမိကျေးရွာမှ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာသူ/ ကျေးရွာသား (၃၅၀)ဦးခန့်တို့ပူးပေါင်း၍ ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
#simex_str
#ayy_dec2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)