
=================================================
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ကျုံးကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။