
=================================================
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ၊ အ.ထ.က တောင်ကြာအင်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ (၇၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ဗီနိုင်းပိုစတာများအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။