မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

19 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလင်းကောင်ရပ်ကွက်၌ (၃-၁၂-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊  ဆန်ရိက္ခာဖိုး (၇) ရက်စာ တစ်ဦးလျှင် (၂,၁၀၀/-) ကျပ်နှုန်းဖြင့် (၁၁) ဦးအတွက် (၂၃,၁၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)ပုံး (၁) အိမ်ထောင်စုစာတို့အား (၁၉-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#kcn_dec2018

 

Sign Up

Upcoming Events