Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာ၌ (၂၅-၁၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၁၅၀၀ိ/-) အား (၂၆-၁၂-၂၀၁၈) … Read more
-
မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်ဖေါ်ဆောင်ရေး အမျိုးသားအဆင့် လမ်းညွှန်ချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
================================================== ဒီဇင်ဘာ ၂၆၊ နေပြည်တော်————– မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အမျိုးသားအဆင့်လမ်းညွှန်ချက် (National Guideline) ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ လူမှုရေးကဏ္ဍဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးတို့ကို ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများ၏ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၌ (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နေလယ် (၁၅း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဝင်များ၊ ပြည်သူများ၊ စုစုပေါင်းလူဦးရေ (၁၁၀) ဦးခန့်တက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များအား အသိပညာပေးခြင်း
================================================== Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာရှိ ဇဗ္ဘူအေးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီချိုက ဌာန၏ဆောင်ရွက်နေမှုအခြေအနေများ၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များအား ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ ကျေးရွာသူ ကျေးရွာသား (၁၀၀) ဦး … Read more
-
ပက်ပြဲ Shelter ဆောက်လုပ်မည့်မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခြင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာ၌ ဇေယျာမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်သော Multi_Purpose Shelter အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်နှင့် မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များမှ ပန္နက်ရိုက်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။ ပက်ပြဲ Shelter သည် ဘက်စုံသုံး (Multi_Purpose) Shelter အမျိုးအစားဖြစ်ပြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဒေါ်လမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့်အသိပညာများဆွေးနွေးခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ တာဝန်ရှိသူများက ဟောပြောပွဲ တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ နာဘွာလ်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ရာ တက်ရောက်သူ (၄၀) ဦးခန့်အား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ ဆင်ဖြူချီကျေးရွာအုပ်စု၊ ဖိုကုန်းကျေးရွာ၌ (၂၅-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈,၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၆-၁၂-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့ ၊ နံနက် (၉) နာရီအချိန်တွင် မိုင်းပျဉ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်သူ (၁၀၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအာကာတင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ၊ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ နံနက်စာဖြင့်တည်ခင်း ဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းအား (၂၆-၁၂-၂၀၁၈) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့ ၊ နံနက် (၀၉:၀၀) အချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာ ဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှတက်ရောက်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် (၂၀) ဦးသင်တန်းသား/သူ (၃၀) ဦးစုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၆-၁၂-၂၀၁၈) ရက်နေ့မှ (၂၈-၁၂-၂၀၁၈) ရက်နေ့အထိ … Read more









