
==================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
==================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာရှိ ဇဗ္ဘူအေးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီချိုက ဌာန၏ဆောင်ရွက်နေမှုအခြေအနေများ၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များအား ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ ကျေးရွာသူ ကျေးရွာသား (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။