ပက်‌ပြဲ Shelter ဆောက်‌လုပ်‌မည်‌့‌မြေ‌နေရာ၌ ပန္နက်‌တင်‌မင်္ဂလာအခမ်‌းအနား ကျင်‌းပပြုလုပ်ခြင်း

26 Pic 01 26 Pic 02
=================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်‌တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်‌း‌ကျေးရွာအုပ်‌စု၊ ပက်‌ပြဲ‌ကျေးရွာ၌ ဇေယျာမြင်‌့မိုရ်ကုမ္ပဏီမှ တာဝန်‌ယူတည်‌‌ဆောက်မ‌ည်ဖြစ်သော Multi_Purpose Shelter အ‌ဆောက်‌အဦ ဆောက်‌လုပ်‌မည်‌့‌မြေ‌နေရာ၌ ပန္နက်‌တင်‌မင်္ဂလာအခမ်‌းအနားကို  ကျင်‌းပခဲ့ရာ တိုင်‌း‌ဒေသကြီးလွှတ်‌‌တော်ကိုယ်‌စားလှယ် ဦးဘိုဘိုမင်‌း‌ဇော်‌နှင်‌့ မြို့နယ်‌တည်‌‌ဆောက်‌‌ရေး‌ကော်‌မတီအဖွဲ့ဝင်‌များ၊ ‌ကျေးရွာ‌ကော်‌မတီအဖွဲ့ဝင်‌များမှ ပန္နက်‌ရိုက်‌ခြင်‌းကို ဆောင်‌ရွက်‌ခဲ့ကြပါသည်။ ပက်‌ပြဲ Shelter သည် ဘက်‌စုံသုံး (Multi_Purpose) Shelter အမျိုးအစားဖြစ်‌ပြီး ‌ဆောက်‌လုပ်‌ပြီးစီးပါက စာသင်‌‌ကျောင်‌းအဖြစ် အသုံးပြုနိုင်‌မည်‌ဖြစ်‌ပြီး ဘေးအန္တရာယ်‌ဖြစ်‌ပွားပါက ပက်‌ပြဲ၊ အေးကုန်‌းစသည့် အနီးတစ်‌ဝိုက်‌်‌ရှိ ကျေးရွာများမှ ပြည်‌သူများ ခိုလှုံရာစခန်‌းအဖြစ် အသုံးပြုနိုင်‌မည်‌ဖြစ်‌ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events