Category Archives: News
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၂-၂၀၁၈)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားအုပ်စု၊ နန်းပရုပ်ကျေးရွာမီးဘေးမှ ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်းနှင့် ဘေးသင့်လူဦးရေ (၄)ဦး အတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၈,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၈,၄၀၀)အား (၄-၁-၂၀၁၉)နေ့ (၁၁၂၀)အချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ သင်္ကန်းမှော်ကျေးရွာမီးဘေးမှ ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၅မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ ဘေးသင့်လူဦးရေ (၅)ဦးတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၀,၅၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၀,၅၀၀)တို့အား (၄-၁-၂၀၁၉)နေ့ (၁၂၂၀) အချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာ မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ မီးတားကြိုတင်ဖျက်သိမ်းအိမ် (၂)လုံးအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း ဘေးသင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၄၆,၂၀၀)၊ စုစုပေါင်းရန်ပုံငွေ (၃၄၆,၂၀၀) တို့အား (၄-၁-၂၀၁၉) နေ့ (၁၂၅၅) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းအုပ်စု၊ ယင်းတောလေးကျေးရွာနှင့် ထန်းသုံးပင်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် (၁၆-၁၂-၂၀၁၈) ရက်နေ့၌ ကောက်ကြီးစပါးခင်းများ မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စု(၁၂)စုမှ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၄၄၁,၀၀၀)ကို (၃-၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၈)ရက်နေ့ (၂၀၃၀)အချိန်တွင် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ အေးသာယာမြို့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄,၂၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၀၄,၂၀၀)အား (၃-၁-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ထူးခြားမိုးလေဝသအခြေအနေသတင်းအမှတ်စဉ်(၀၇/၂၀၁၉)
“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ထိုင်းနိုင်ငံကို ဖြတ်ကျော်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung)၏တောင်-အရှေ့တောင်ဘက် မိုင်(၉၀)ခန့်၊ ကိုကိုး ကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင်(၄၆၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက် မိုင်(၄၀၀)ခန့်အကွာ၊ ထိုင်းနိုင်ငံ အေအိုးလိခ်မြို့(Ao Luek)အနီးမှ ဆက်လက်ဖြတ်ကျော်လျှက်ရှိပါသည်။” အပူပိုင်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် =================================== လေတိုက်နှုန်း ========= အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၁/၂၀၁၉)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ အနောက်တောင် ဘက်(၆၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင် ဘက် မိုင် (၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၃၃၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် မီးလောင်ကျွမ်းမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် (၃-၁-၂၀၁၉) ရက်နေ့၊ မွန်းလွဲ (၂) နာရီ မိနစ် (၂၀) အချိန်ခန့်က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် (၁၆၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ (၆၀၀) ဦးခန့် မီးဘေးသင့်ခဲ့ကြောင်း၊ လူသေဆုံး ထိခိုက်မှုမရှိကြောင်း ကနဦး သိရှိရပါသည်။ ၂။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လျက်ရှိသော အပူပိုင်းမုန်တိုင်း “ပါဘက် (Pabuk) နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်သည့် ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ် (၀၂/၂၀၁၉) အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat)၏ အရှေ့တောင်ဘက် မိုင် (၂၇၀) ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် (၃၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းသို့ … Read more
-
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (၂) ရပ် အစည်းအဝေးကျင်းပ
ဇန်နဝါရီလ ၃ ၊ နေပြည်တော် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ(၂)ရပ်ဖြစ်သော ကျား/မတန်းတူရည်တူရှိမှု မြှင့်တင်ရေး ထိခိုက်ခံစားလွယ်အုပ်စုများ ကာကွယ်ရေး လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးလုပ်ငန်းကော်မတီများ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (Universal Periodic Review – UPR) အကြံပြုချက်တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသား … Read more









