Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာသို့ သွားရောက်၍ ပြည်သူလူထု (၁၀၀) ဦးခန့်တို့အား ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ၊ အ.ထ.က တောင်ကြာအင်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ (၇၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ဗီနိုင်းပိုစတာများအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မူဆယ်မြို့ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် အ.ထ.က (၁) ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးအားလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး … Read more
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာရှိ အ.ထ.က ကျောင်း၌ ကျောင်းသား/သူ အင်အား(၁၂၀)ဦးတို့ကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာများ၏ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူတို့အား ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများဖြစ်သည့် မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးတို့အား ကျောင်းဝင်းအတွင်း ချိန်ဆွဲနိုင်ရေးအတွက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ တောင်သုံးလုံး ကျေးရွာ၌ (၁၈-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မီးဘေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ရာ လူဦးရေ (၂၀၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex_fir #tny_dec2018
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၄၅) နာရီအချိန်ထိ ဖလမ်းမြို့နယ်၊ ဒေါက်ထက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာများ၏ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ အင်အား(၂၇)ဦးတို့အား ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများဖြစ်သည့် မီးဘေး မြေပြိုဘေးနှင့် ငလျင်ဘေးတို့အား ကျေးရွာအတွင်း ချိန်ဆွဲနိုင်ရေးအတွက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အ.ထ.က ခွဲ (ပနီတွင်းကျေးရွာ)၌ ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးတို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) မွန်းလွဲ (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအချိန်ထိ ယင်းမာပင် ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ ကျေးရွာသူ/ရွာသားများနှင့် ကျောင်းသား/ကျောင်း သူများ စုစုပေါင်း (၂၀၀)ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်း စာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင့်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာမေးခွန်းများအား မေးမြန်းရာတွင် ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာအစုံများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
မီးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Services Myanmar (CWS) နှင့်ပူးပေါင်း၍ (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဘားမဏီးကျေးရွာ၌ မီးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။









