၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် (၃-၁-၂၀၁၉) ရက်နေ့၊ မွန်းလွဲ (၂) နာရီ မိနစ် (၂၀) အချိန်ခန့်က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် (၁၆၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ (၆၀၀) ဦးခန့် မီးဘေးသင့်ခဲ့ကြောင်း၊ လူသေဆုံး ထိခိုက်မှုမရှိကြောင်း ကနဦး သိရှိရပါသည်။
၂။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် မိသားစုသုံး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ထားရှိကာ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် အခြားလိုအပ်သည်များ ဆက်လက်ထောက်ပံ့ ကူညီသွားမည်ဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_ jan2019