“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ထိုင်းနိုင်ငံကို ဖြတ်ကျော်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung)၏တောင်-အရှေ့တောင်ဘက် မိုင်(၉၀)ခန့်၊ ကိုကိုး ကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင်(၄၆၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက် မိုင်(၄၀၀)ခန့်အကွာ၊ ထိုင်းနိုင်ငံ အေအိုးလိခ်မြို့(Ao Luek)အနီးမှ ဆက်လက်ဖြတ်ကျော်လျှက်ရှိပါသည်။”
အပူပိုင်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့်
===================================
လေတိုက်နှုန်း
=========
အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၈.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၈.၇)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။
နောက်(၆)နာရီအတွင်းခန့်မှန်းချက်
========================
အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် အနောက် ဘက်သို့ ဆက်လက်ရွေ့ လျားပြီး၊ နောက် (၆)နာရီအတွင်း ကပ္ပလီ ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
==============
(က) အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက် (၇၂)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
========
အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေ ကြောင်းပျံသန်းရေးနှင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။