လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာ မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ မီးတားကြိုတင်ဖျက်သိမ်းအိမ် (၂)လုံးအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း ဘေးသင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၄၆,၂၀၀)၊ စုစုပေါင်းရန်ပုံငွေ (၃၄၆,၂၀၀) တို့အား (၄-၁-၂၀၁၉) နေ့ (၁၂၅၅) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။