ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းအုပ်စု၊ ယင်းတောလေးကျေးရွာနှင့် ထန်းသုံးပင်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် (၁၆-၁၂-၂၀၁၈) ရက်နေ့၌ ကောက်ကြီးစပါးခင်းများ မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်   အိမ်ထောင်စု(၁၂)စုမှ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၄၄၁,၀၀၀)ကို  (၃-၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events