Category Archives: News
-
” အားကောင်းသောမုန်တိုင်းငယ်သတင်း” (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်၊ မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၁၉) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”ပါဘက်”(Pabuk)သည် အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ အားလျော့သွား ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ တောင်-အရှေ့တောင် ဘက် (၁၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ … Read more
-
” ဆိုင်ကလုန်းမုန်တိုင်းသတင်း” (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၁၉) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)သည် မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၇၀) ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၉၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မင်းဘူးမြို့နယ်အတွင်းရှိ ကမ်းပါးပြိုကျမှု ဒဏ်ခံစားရသော ပြည်သူများနှင့်တွေ့ ဆုံခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
မကွေး၊ ဇန်နဝါရီ ၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းက မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဒဏ်ခံစားရသော နိဗ္ဗာန်ကျွန်းကျေးရွာနှင့် မုန်းကျိုးကျေးရွာ များသို့ ရောက်ရှိပြီး ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများပြောင်းရွှေ့နေရမှုအခြေအနေ၊ ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက် နိုင်မည့်အခြေအနေများ ကို ကြည့်ရှုပြီး မင်းဘူးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ၂၀၁၃ ခုနှစ်တွင် အိမ်ခြေ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၆-၁-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါ၍ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ၌ (၃-၁-၂၀၁၉)နေ့မီးဘေးဖြစ်စဉ်ကြောင့် ဘေးကြုံတွေ့ခဲ့ရသည့် မီးဘေးသင့်အိမ်ခြေ (၁၇၈)လုံး၊ အိမ်ထောင်စု(၁၇၈)စု၊ လူဦးရေ (၉၁၂)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ သိန်း(၇၈၀)ကျော်ရှိသော ဆန်ရိက္ခာ (၁)လစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ တာပေါ်လင်လိပ်၊ အိမ်အမိုးသွပ်၊ ဆိုလာမီးအိမ်၊ ကျားလုံချည်၊ မလုံချည်၊ ခြင်ထောင်၊ စောင်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်စသည်တို့အား ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #hl1_ha_fir #ayy_jan2019 … Read more
-
မွန်ပြည်နယ်တွင် စက်ရေတွင်းနှင့် အုတ်ရေကန်လှူဒါန်းသည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ လေယာဉ်ကွင်းဟောင်းနေရာတွင် နေထိုင်လျက်ရှိသော အလင်းဝင် မွန်သီးခြားလက်နက်ကိုင်အဖွဲ့မှ မိသားစုဝင်များ သောက်သုံးရေရရှိရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ရန်ကုန်မြို့နေ အလှူရှင်ဦးကျော်မြင့်၊ ဒေါ်တင်တင်အေး (ထိပ်တန်းမုန့်ဟင်းခါး)မိသားစုမှ လှူဒါန်းသည့် စက်ရေတွင်းနှင့် ဂါလန် (၂၀၀၀)ဆန့် အုတ်ရေကန်တို့အား (၃-၁-၂၀၁၉)တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး (၅-၁-၂၀၁၉)တွင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ (၁၆၅၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာ ဦးနေလင်းနေအိမ်ရှိ နောက်ဖေး မီးဖိုချောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ်(၁)လုံး၊ ဓနိမိုးထရံကာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၀)ဦး မီးဘေးသင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄၂,၀၀၀)နှင့် ရေသန့် (၅)လီတာ (၁၅)ဗူး၊ စားဆီ(၅)ပိဿာ(၁)ပုံး၊ အဝတ်အထည် … Read more
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၂-၂၀၁၈)ရက်နေ့ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၅) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀)၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀)၊ စုစုပေါင်း (၁၁၀,၅၀၀) အား (၅-၁-၂၀၁၉) ရက်နေ့၊ (၁၁၃၀) အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁-၁-၂၀၁၉)ရက်နေ့ (၁၅၄၅)အချိန် အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းဘေးရှိ ဓမ္မစေတီ ဘုန်းကြီးကျောင်းအနီး၊ စံဆဲဆီဆိုင် အနောက်ရေမြောင်းပတ်ထားသည့် ကျွန်းဆွယ်အစွန်းမြေပိုတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု(၁)စု ၊ ကျား(၂)ဦး၊ မ(၃)ဦး အား အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀ဝ)၊ ဆန်ရိက္ခာ (၇)ရက်စာငွေကျပ် (၁၀,၅၀ဝ)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့ကို (၃-၁-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၆၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၁)တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂,၆၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၅-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်တကွ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၃-၁-၂၀၁၉)ရက်နေ့ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ၊ အိမ်ထောင်စုများအနက်ထောက်ပံ့ရန်ကျန်ရှိနေသည့် အိမ်ထောင်စု (၁၀၇) စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၇-အိမ်ထောင်စုစာ) ကို (၄-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









