
(၆-၁-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါ၍ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ၌ (၃-၁-၂၀၁၉)နေ့မီးဘေးဖြစ်စဉ်ကြောင့် ဘေးကြုံတွေ့ခဲ့ရသည့် မီးဘေးသင့်အိမ်ခြေ (၁၇၈)လုံး၊ အိမ်ထောင်စု(၁၇၈)စု၊ လူဦးရေ (၉၁၂)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ သိန်း(၇၈၀)ကျော်ရှိသော ဆန်ရိက္ခာ (၁)လစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ တာပေါ်လင်လိပ်၊ အိမ်အမိုးသွပ်၊ ဆိုလာမီးအိမ်၊ ကျားလုံချည်၊ မလုံချည်၊ ခြင်ထောင်၊ စောင်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်စသည်တို့အား ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
#hl1_ha_fir
#ayy_jan2019
Source: DDM