Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်တွင် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၂-၁-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး အိမိထောင်စု (၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်ကိုလည်းကောင်း၊ မအူပင်မြို့နယ်၊ တလုပ်လပ်ကျေးရွာအုပ်စု၊ တလုပ်လပ် အလယ်ပိုင်း ကျေးရွာ၌ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၌ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ပြည်သူ့လွှတ်တော်ကိုယ်စား၊ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူ ပူးပေါင်း၍ မြို့နယ်အစည်းအဝေးခန်းမ၌ (၁)ညောင်တုန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ရေလဲကမ်းနား ကျေးရွာ၌ (၃-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် မျောပါပျက်စီးခဲ့သည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၆၈၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၆၈၀၀/-)ကျပ်ကိုလည်းကောင်း၊ … Read more
-
ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်မှု သတင်း
(၁၅-၁-၂၀၁၉)ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ဝန်ကြီးဦးကျော်တင့်ဆွေနှင့် တကွ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေရှီးမြို့၌ ကျင်းပသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်(၃)မြို့နယ်အတွက် ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေးပစ္စည်းများအား နာဂဒေသဦးစီး၊ ဥက္ကဌ ဦးကေဆိုင်ထံသို့ (၁၅-၁-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား NBC၊ MSNBC သတင်းဌာနနှင့် Japan Heart တို့မှ အသီးသီးလာရောက်တွေ့ဆုံမှုသတင်း
ဇန်နဝါရီလ၁၄၊ နေပြည်တော် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား NBC၊ MSNBC သတင်းဌာန မှ Mr. Benjamin Rhodes နှင့် Japan Heart မှ Mr. YutaMomose တို့ ယနေ့ နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ အသီးသီးလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Mr. Benjamin Rhodes က ယခင်အမေရိကန်သမ္မတဟောင်း Barack Obama ၏ Deputy National Security … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်း၊ အ.ထ.က(ခွဲ) ၌ (၁၄-၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁:၃၀) နာရီအထိ ကျောင်းသား/သူ (၂၆၀) ဦးအားလည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အ.မ.က (မူလွန်) သရက်တော၌ နေ့လယ် (၁းဝဝ) နာရီမှ (၂း၃၀) နာရီအထိ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း တို့ဆောင်ရွက်ခဲ့ပြီး ကျောင်းဝန်းများအတွင်း၌ နံရံကပ်ပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ ဝမ်ယန်းကျေးရွာ၌ ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများ၊ အခြားဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်အတွင် နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြသ ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄-၁-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့၊ ချမ်းမြေ့သာယာ၊ အခြေခံ ပညာမူလ တန်းကျောင်း၌ ဆရာ/ဆရာမ (၁၀) ဦးခန့်၊ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦးခန့်၊ စုစုပေါင်း (၃၃၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင် များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2019 … Read more
-
ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီ အထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ၊ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ar_eqk #shn_jan2019
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ အုပ်စု၊ သပြေပင်ကျေးရွာ၌ (၁၂-၁-၂၀၁၉) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၄) လုံး၊ လူဦးရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၅,၇၀၀/-) ကျပ်နှင့် (၁၄၉,၄၁၂/-) ကျပ်တန်ဖိုးငွေရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာအား … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးမှ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၂)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်းစီ၊ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စာ နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ ဘေးသင့်လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)ကျပ်နှုန်းဖြင့် (၅၀၄၀၀/-)ကျပ်၊ သစ်ပင်ပိမိ၍ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ(၁)ဦးအတွက် (၅၀၀၀၀/-)ကျပ်၊ … Read more









