
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄-၁-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့၊ ချမ်းမြေ့သာယာ၊ အခြေခံ ပညာမူလ တန်းကျောင်း၌ ဆရာ/ဆရာမ (၁၀) ဦးခန့်၊ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦးခန့်၊ စုစုပေါင်း (၃၃၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင် များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jan2019
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)