လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်း၊ အ.ထ.က(ခွဲ) ၌ (၁၄-၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁:၃၀) နာရီအထိ ကျောင်းသား/သူ (၂၆၀) ဦးအားလည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အ.မ.က (မူလွန်) သရက်တော၌ နေ့လယ် (၁းဝဝ) နာရီမှ (၂း၃၀) နာရီအထိ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း တို့ဆောင်ရွက်ခဲ့ပြီး ကျောင်းဝန်းများအတွင်း၌ နံရံကပ်ပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_jan2019