ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၌ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ပြည်သူ့လွှတ်တော်ကိုယ်စား၊ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူ ပူးပေါင်း၍ မြို့နယ်အစည်းအဝေးခန်းမ၌ (၁)ညောင်တုန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ရေလဲကမ်းနား ကျေးရွာ၌ (၃-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် မျောပါပျက်စီးခဲ့သည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၆၈၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၆၈၀၀/-)ကျပ်ကိုလည်းကောင်း၊ (၂)ညောင်တုန်းမြို့နယ် အမှတ် (၄)ရပ်ကွက် တိုးချဲ့နယ်မြေ၌ (၁၂-၁-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၁)လုံး အိမ်ထောင်စု (၁၁)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၂၈၁၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၂၂၈၁၀၀/-)ကျပ်ကိုလည်းကောင်း (၁၄-၁-၂၀၁၉)ရက်နေ့ (၁၃:၅၀)နာရီအချိန်တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_jan2019
Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events