
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးမှ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၂)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်းစီ၊ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စာ နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ ဘေးသင့်လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)ကျပ်နှုန်းဖြင့် (၅၀၄၀၀/-)ကျပ်၊ သစ်ပင်ပိမိ၍ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ(၁)ဦးအတွက် (၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၄၀၀၄၀၀/-)ကျပ်တို့အား (၁၂-၁-၂၀၁၉)တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_jan2019
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)