ဇန်နဝါရီလ၁၄၊ နေပြည်တော်
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား NBC၊ MSNBC သတင်းဌာန မှ Mr. Benjamin Rhodes နှင့် Japan Heart မှ Mr. YutaMomose တို့ ယနေ့ နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ အသီးသီးလာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Benjamin Rhodes က ယခင်အမေရိကန်သမ္မတဟောင်း Barack Obama ၏ Deputy National Security Adviser အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် များစွာရင်းနှီးကျွမ်းဝင်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအရေး ကိစ္စနှင့် ပတ်သက်၍ Atlantic Magazine တွင် ဆောင်းပါးရှည်တစ်ခုရေးရန်ရှိရာ ဘက်လိုက်မူကင်းသော သတင်းအချက် အလက်များရရှိရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ရခိုင်အရေးကိစ္စတစ်ခု တည်းကို အာရုံစိုက်၍မရဘဲ ပိုမိုကျယ်ပြန်သည့် ဒီမိုကရေစီအကူးအပြောင်း၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးကိစ္စများကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ရန်လိုကြောင်းပြောကြား၍ သိရှိလိုသည်များကိုမေးမြန်းရာဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသော လူမူကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူငယ်မူဝါဒရေးဆွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာကိစ္စများ၊ မူးယစ်ဆေးဝါး သုံးစွဲ သူများ ပြန်လည်ထူထောင်ရေးကိစ္စ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ၂၁ ရာစုပင်လုံညီလာခံကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေအနေများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နေရပ်စွန့်ခွာ သူများပြန် လည်လက်ခံရေးဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝန်းနှစ်ခုအကြား လူမှုသဟဇာတမျှတရေးအတွက် ဝန်ကြီးဌာန ကဆောင်ရွက်လျက်ရှိသောစီမံချက်ဆိုင်ရာကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကြက်ခြေနီလှုပ်ရှားမူ၊ UEHRD လူငယ်လုပ်အားပေးစသည့်အစီအစဉ်များဖြင့် ပေးအပ်နေမှုများ၊ အမှန် တကယ်ပြောင်းလဲမူများဖြစ်ပေါ်လာရေး၊ ပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် Japan Heart မှ Mr. YutaMomose နှင့် ဆက်လက်တွေ့ဆုံရာ မြန်မာနိုင်ငံတွင် မျက်မမြင် ဆေးဘက်ဆိုင်ရာအနှိပ်ပညာရပ်( Blind Medical Massage ) ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အမြင်အာရုံချို့ယွင်းသူများအနေဖြင့် အနှိပ်ပညာကိုစနစ်တကျသင်ယူပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဝန်ကြီးဌာနနှင့် Japan Heart အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာအားစနစ်တကျသင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ သင်တန်းအားအခြေခံအဆင့် (၁)နှစ်သင်တန်း၊ အဆင့်မြင့် (၁) နှစ်ခွဲ သင်တန်းစသည်ဖြင့် သတ်မှတ်၍ Certificate ထုတ်ပေးနိုင်ရေးဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019