
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်တွင် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၂-၁-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး အိမိထောင်စု (၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်ကိုလည်းကောင်း၊ မအူပင်မြို့နယ်၊ တလုပ်လပ်ကျေးရွာအုပ်စု၊ တလုပ်လပ် အလယ်ပိုင်း ကျေးရွာ၌ (၁၀-၁-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၂၁၄၇၀၀/-)ကျပ်ကိုလည်းကောင်း (၁၄-၁-၂၀၁၉)ရက်နေ့ (၁၃း၄၅)နာရီအချိန် တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jan2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)