Category Archives: News
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သပြေကုန်းအုပ်စုအတွင်းမှ ပြည်သူလူထု (၁၉၅) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
ပခုက္ကူမြို့နယ်၊လယ်ယာကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ၌ (၁၆-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၄း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀/-) ကျပ်တို့အား … Read more
-
နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းမည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ ၁၆၊ နေပြည်တော် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်မည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်ပြီးစီးလျှင် မိမိတို့ဝန်ကြီးဌာနထံ လှူဒါန်းမှာဖြစ်သည့်အတွက် ကျေးဇူးတင်စကား လာရောက်ပြောကြားခြင်းဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ခိုင်ခိုင်မာမာ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ … Read more
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၁-၂၀၁၉) ရက်နေ့၊ (၀၈း၀၀) အချိန်တွင် ဘားအံမြို့နယ်၊ နောင်ထလုံးကျေးရွာအုပ်စု၊ မုကဝါကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် (သွပ်မိုး၊ပျဉ်ထောင်၊ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံ တွေ့ဆုံ
ဇန်နဝါရီလ ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီး H. E . Ms. Toshiko ABE ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆောင်ရွက်ချက်များ အပေါ်ထောက်ခံကူညီပေးမှုများ၊ ဂျပန်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ အဖွဲ့အစည်း(၆)ဖွဲ့၏ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများ၊ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ထားရှိမှုနောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည် လက်ခံရေးဆောင်ရွက်မည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်လက်ခံရေးနှင့် … Read more
-
ဂျပန်နိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီးMs. Toshiko Abeနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့်ပန်းတောပြင်(အလယ်)ရွာတို့သို့ လိုက်လံ ကြည့်ရှု
စစ်တွေ ဇန်နဝါရီ ၁၅ ဂျပန်နိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီး Ms. Toshiko Abeနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်ကျေးရွာတို့သို့ လိုက်လံ ကြည့်ရှုသည်။ ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် မွန်းလွဲ (၁) နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းငွေဖြင့် နေအိမ်များတည်ဆောက်နေမှုအား ကြည့်ရှုရာ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများနှင့် စပ်လျဉ်း၍ … Read more
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင် (၁၃)ဦးအတွက် အလှူငွေများ လွှဲပြောင်းပေးအပ်
နေပြည်တော်၊ ဇန်နဝါရီ ၁၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) အား House of Orchid အဖွဲ့က လာရောက်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) ကို House of Orchid … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက် ကျေးရွာအလယ်ပိုင်း၊ ဂန္ဓလမ်းထိပ်၌ (၁၄-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ … Read more
-
ကုက္ကိုလ်ဝ မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်တန်းကျေးရွာ၌ (၁၁-၁-၂၀၁၉) ရက်နေ့တွင် ကုက္ကိုလ်ဝမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် သွပ်မိုး ပျဉ်ကာ နေအိမ် (၂) လုံး ပြိုကျမျောပါပျက်စီးခဲ့ပြီး နေအိမ် (၂) လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ၍ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၃၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်တွင် (၃၁-၁၂-၂၀၁၈)ရက် (၁၄း၂၅)အချိန်၌ အိမ်ရှင်ဒေါ်သန်းသန်းမိုး(၄၉)နှစ်(ဘ) ဦးပေါ်လီသည် တီဗွီသွားကြည့်နေစဉ် လျှပ်စစ်ဟင်းအိုးမှတဆင့် အပူလွန်ကဲ၍ ရှော့ဖြစ်ကာထရံသို့ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး(၆၃၀ဝ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ စုစုပေါင်း(၁၀၆၃၀ဝ/-)ကျပ်တို့အား (၁၅-၁-၂၁၉)ရက်နေ့ အောင်သပြေ(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_jan2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









