ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံ တွေ့ဆုံ

16 Pic_04

ဇန်နဝါရီလ ၁၆၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီး H. E . Ms. Toshiko ABE ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။                                                တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆောင်ရွက်ချက်များ အပေါ်ထောက်ခံကူညီပေးမှုများ၊ ဂျပန်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ အဖွဲ့အစည်း(၆)ဖွဲ့၏ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများ၊ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ထားရှိမှုနောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည် လက်ခံရေးဆောင်ရွက်မည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်လက်ခံရေးနှင့် ပတ်သက်သည့် Fact-Sheet သတင်းလွှာဖြန့်ဝေရန်ဆောင်ရွက်နေသည့်အခြေအနေများ၊ ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများအပါအဝင် လူမှုဝန်ထမ်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နှစ်ကာလကြာရှည်စွာတည်ရှိလာသည့် ရခိုင်အရေးကိစ္စဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရှိသော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jan2019

Sign Up

Upcoming Events