ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) အား House of Orchid အဖွဲ့က လာရောက်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) ကို House of Orchid အဖွဲ့က ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေများကို ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်၊ လှဖိုးခေါင်စခန်း၌ ပြန်လည်လွှဲပြောင်းပေးအပ် ရာ ကျဆုံးသွားသည့်ရဲတပ်ဖွဲ့ဝင် (၁၃) ဦး၏ မိသားစုဝင်များကိုယ်စား အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး၊ ရဲမှူးကြီးစိုးမြင့်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#rke_jan2019