မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း

16 Pic_01 16 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၁-၂၀၁၉) ရက်နေ့၊ (၀၈း၀၀) အချိန်တွင် ဘားအံမြို့နယ်၊ နောင်ထလုံးကျေးရွာအုပ်စု၊ မုကဝါကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် (သွပ်မိုး၊ပျဉ်ထောင်၊ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-) ကျပ်အား (၁၆-၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#krn_jan2019

 

 

Sign Up

Upcoming Events