ပခုက္ကူမြို့နယ်၊လယ်ယာကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

16 Pic 01 16 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ၌ (၁၆-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၄း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀/-) ကျပ်တို့အား (၁၆-၁-၂၀၁၉) ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်၊ အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ၊ ရွှေကန်မြေ လူမှုကူညီရေးအသင်း ဥက္က၊ လယ်ယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_fir
#mgy_jan2019

Sign Up

Upcoming Events