ကုက္ကိုလ်ဝ မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်တန်းကျေးရွာ၌ (၁၁-၁-၂၀၁၉) ရက်နေ့တွင် ကုက္ကိုလ်ဝမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် သွပ်မိုး ပျဉ်ကာ နေအိမ် (၂) လုံး ပြိုကျမျောပါပျက်စီးခဲ့ပြီး နေအိမ် (၂) လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ၍ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၃၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀/-) ကျပ်၊ ရေသန့် (၅) လီတာ (၃၁) ဘူး၊ ဆီ (၅) ပိဿာ (၁) ပုံး၊ စောင် (၈) ထည်နှင့် ဒန်အိုး (၈) လုံးတို့အား (၁၅-၁-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar_rbe
#ygn_jan2019

Sign Up

Upcoming Events