Category Archives: News
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်စောက် မြို့နယ် အ.ထ.က(ဗထူး)၌ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးတို့အားလည်းကောင်း၊ နေ့လည်ပိုင်းတွင်ရပ်စောက် မြို့နယ် အ.ထ.က (ပင်ဖြစ်)၌ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ပညာပေး ဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့တွင် ပြည်ပနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာမှ ဒုက္ခရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား (၆၀) ဦးတို့အား မနက်စာ၊ နေ့လည်စာ ထမင်းဘူးများဝေငှခြင်းနှင့် မော်တော်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #sgg_jan2019
-
ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်တန်း ကျေးရွာ၌ (၂၀-၁-၂၀၁၉) ရက်နေ့တွင် ကုက္ကိုလ်ဝမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် သွပ်မိုး တိုက်ခံနေအိမ် (၁) လုံး ပြိုကျမျောပါပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့် နေအိမ် အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀/-) ကျပ်တို့အား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်တွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၁) ဦးနှင့် ကျောင်းသား/သူ (၂၅၀) ဦး၊ စုစုပေါင်း (၂၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၁.၂၀၁၉) ရက်နေ့၊ နံနက် (၀၉၃၀)အချိန်၌ မြဝတီမြို့၊ မဲ့ထော်သလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး၊ ဘေးအန္တရာယ်ကျရောက်စဉ် နေထိုင်နည်း၊ ရှောင်ရှားနည်းများအားသရုပ်ပြခြင်း၊ နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn-jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ တဇန်းကျေးရွာအုပ်စု၊ တဇန်းကျေးရွာတွင် (၂၃.၁.၂၀၁၉) ရက်နေ့ (၁၄:၃ဝ) နာရီအချိန်၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၇) လုံး မီးဘေးသင့်ခဲ့ပြီး အိမ်ခြေ (၇) ၊ အိမ်ထောင်စု (၇) စု၊ လူဦးရေစုစုပေါင်း (၂၇) ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၆၇၀၀ိ/-) ကျပ်နှင့် နေအိမ်(၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/သူ (၉၀) ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2019
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉) ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်၊သဘော့ဆိပ်ကျေးရွာတွင်ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုအခြေခံသင်တန်း(၂/၂၀၁၉)၌ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၆၀) ဦး တတ်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၂-၁-၂၀၁၉)ရက်နေ့မှ (၂၆-၁-၂၀၁၉)ရက်နေ့ထိ (၅)ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံး(ဘစမ) #ar #tny_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_jan2019
-
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့(Myanmar Preparedness Partnership-MPP) အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
ဇန်နဝါရီ ၂၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အာရှဒေသသဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန Asian Disaster Preparedness Centre (ADPC) တို့မှ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုဖြင့် Lessons Learned and Planning Workshop for Myanmar Preparedness Partnership (MPP) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Royal ACE ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက … Read more









