Category Archives: News
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ (အ.ထ.က)ရင်းငြိမ်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၄၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းအတွင်း နံရံကပ်ပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ရာ လူဦးရေ (၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2019
-
မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Church World Services Myanmar (CWS) မှဝန်ထမ်းများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်စု၊ အင်းမစုကျေးရွာ၌ (၁၀-၁-၂၀၁၉) ရက်နေ့တွင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #ar_fld #ar_str #ayy_jan2019
-
မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သောသင်တန်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာများအား ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ မီးသတ်ဦးစီးဌာနမှ (၂) ပတ်ကြာဖွင့်လှစ်မည့် ဖျာပုံမြို့နယ်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသား (၇၀) ဦးအား (၁၀-၁-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာနှင့် ဦးစီးဌာန၏ဆောင်ရွက်နေမှုများကို ရှင်းလင်းခဲ့ပါသည်။ အဆိုပါသင်တန်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ဖျာပုံမြို့ ရပ်ကွက်/ကျေးရွာ များမှလူငယ်များ ပါဝင်တက်ရောက်နေပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဇေယျာမွန်ရပ်ကွက်၊ ဓမ္မာရုံ၌ (၁၀-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ (၂၂၅) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
ခရိုင်ဦးစီးမှူးရုံးများရှိ ဦးစီးအရာရှိများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိနားလည်စေရန်အတွက် တွေ့ဆုံညှိနှိုင်း ခြင်း ကျင်းပပြုလုပ်မှုသတင်း
(၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၊ အစည်းအဝေးခန်းမ တွင် ခရိုင်ဦးစီးမှူးရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိ နားလည်စေရန်အတွက် တွေ့ဆုံညှိနှိုင်းခြင်း ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာ စကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ #dg #npw_jan2019 Source: DDM
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပန်လော့ကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ နောင်ဆာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန လုပ်ငန်း ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့် … Read more
-
ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ၌ (၈-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃၉၆) စု၊ လူဦးရေ (၁၉၂၃) ဦး၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ (၃) ကျောင်းတို့ လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် နေအိမ်များ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁,၄၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၈၂) လုံး … Read more
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ (၄၀၀) ကားဝန်းအနီး၌ ယခင်စိုက်ထူထားခဲ့သည့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်မှာ ပျက်စီးနေပါသောကြောင့် (၉-၁-၂၀၁၉) ရက်နေ့တွင် အသစ်လဲလှယ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ယန်းလော)၌ ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ဝမ်နားခမ်း)၌ ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ … Read more









