မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်     အောင်လံမြို့နယ်၊ တဇန်းကျေးရွာအုပ်စု၊ တဇန်းကျေးရွာတွင် (၂၃.၁.၂၀၁၉) ရက်နေ့ (၁၄:၃ဝ) နာရီအချိန်၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၇) လုံး မီးဘေးသင့်ခဲ့ပြီး          အိမ်ခြေ (၇) ၊ အိမ်ထောင်စု (၇) စု၊ လူဦးရေစုစုပေါင်း (၂၇) ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၆၇၀၀ိ/-) ကျပ်နှင့် နေအိမ်(၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀၀ိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၁၅၆၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၇) အိမ်ထောင်စာတို့အား  (၂၄.၁.၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင် ရာကျေးရွာ အုပ်ချုပ်ရေးမှူး လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#mgy_jan2019

Sign Up

Upcoming Events