ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့တွင် ပြည်ပနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာမှ ဒုက္ခရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား (၆၀) ဦးတို့အား မနက်စာ၊ နေ့လည်စာ ထမင်းဘူးများဝေငှခြင်းနှင့် မော်တော်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#otr
#sgg_jan2019

Sign Up

Upcoming Events