မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့(Myanmar Preparedness Partnership-MPP) အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

ဇန်နဝါရီ ၂၄၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အာရှဒေသသဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန Asian Disaster Preparedness Centre (ADPC) တို့မှ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုဖြင့် Lessons Learned and Planning Workshop for Myanmar Preparedness Partnership (MPP) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Royal ACE ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တောင်အာရှ၊ အရှေ့တောင်နှင့် အာရှဒေသများ တွင် သဘာဝဘေးအန္တရာယ်နှင့်ရင်ဆိုင်ရပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် အာရှ ဒေသဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့ Asian Preparedness Partnership(APP) ကိုဖွဲ့စည်းထား ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ APP တွင် ကမ္ဘောဒီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း၊ ဒေသအဆင့် APP ၏လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် Myanmar Preparedness Partnership (MPP) အားဖွဲ့စည်းထားပါကြောင်း၊ MPP တွင် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် လူမှုရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားပြီး ဘေးအန္တရာယ်ကျရောက်ပါက အားလုံးအတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းသည် လူတစ်ဦးတိုင်း၊ တစ်ယောက် တိုင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းရပ်ဖြစ်သည့်အတွက် အစိုးရ-ပုဂ္ဂလိက-ပြည်သူ အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေး ကြရမည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက် ဆုံးရှံးပါက သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းနှင့်ဆက်စပ်သည့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်နစ်နာ စေမည်ဖြစ်သည့်အပြင် နိုင်ငံ၏ စီးပွားရေးကိုပါထိခိုက်နစ်နာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ မြင့်မားသည့် စီးပွားရေးကဏ္ဍများတွင် ဘေးဒဏ်လျှော့ချ ရေးလုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် MPPအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးငွေသိန်းနှင့် ADPCမှ ကိုယ်စားလှယ်၊ Mr. Sisira Madurapperumaတို့မှ နှုတ်ခွန်းဆက်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်း MPPအဖွဲ့မှ တိုင်းဒေသကြီး/ပြည်နယ်(၆)ခုရှိ ခရိုင်(၈)ခုတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ အောင်မြင် တိုးတက်မှုများ၊ အတွေ့အကြုံနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် ၂၀၁၉ခုနှစ်တွင်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2
#npw_jan2019

Sign Up

Upcoming Events