လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_jan2019