လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၁.၂၀၁၉) ရက်နေ့၊ နံနက် (၀၉၃၀)အချိန်၌ မြဝတီမြို့၊ မဲ့ထော်သလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး၊ ဘေးအန္တရာယ်ကျရောက်စဉ် နေထိုင်နည်း၊ ရှောင်ရှားနည်းများအားသရုပ်ပြခြင်း၊ နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn-jan2019