လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်စောက် မြို့နယ် အ.ထ.က(ဗထူး)၌ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးတို့အားလည်းကောင်း၊ နေ့လည်ပိုင်းတွင်ရပ်စောက် မြို့နယ် အ.ထ.က (ပင်ဖြစ်)၌ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ပညာပေး ဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_jan2019