Category Archives: News
-
ဝိုင်းမော်မြို့၊ နန်ဆန်ယန်ကျေးရွာသို့ နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၁.၂၀၁၉)ရက်နေ့ (၀၈း၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ၊နန်ဆန်ယန်ကျေးရွာမှ မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ ရောက်ရှိနေသော တိုက်ပွဲရှာင်ပြည်သူ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၁၀၅)ဦးနှင့် ဘုန်းတော်ကြီး(၁)ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး(၁)ပါးတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ နန်ဆန်ယန်ကျေးရွာသို့ လိုက်ပါပို့ဆောင် ရွှေ့ပြောင်းပေးခဲ့ရာပြီး ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂) ပါးစာ၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇ )မျိုး (၁၅)အိမ်ထောင်စာ၊ ၊ စားနပ်ရိက္ခာ(၁)လစာငွေ(၁၁၈၇၆၂၅/-)နှင့် ပြောင်းရွှေ့ /အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးငွေ( ၂၀၇၀၀၀၀/-)၊ MEC(၇)ပေသွပ် (၁၈၀)ချပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်ထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စု၊ မြို့စိုးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာသူ/သား (၁၂၅) ဦးအား အသိပညာပေးဟောပြောခြင်း၊ Pakokku Royal Review ဂျာနယ် အယ်ဒီတာချုပ်မှ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာများ၊ ထင်မြင်ယူဆချက်များအား ဆွေးနွေးခြင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌမှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ ဖြစ်ပွားပြီးချိန်များ၌ ဒေသခံ CSO များအနေဖြင့် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၁၉)” သင်တန်းဆင်းပွဲအခမ်းအနားသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၈-၁-၂၀၁၉)ရက် နေ့မှ(၃၀-၁-၂၀၁၉)ရက်နေ့ထိဖွင့်လှစ်သည့် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၁၉)”ကို သင်တန်းသား/ သင်တန်းသူ(၃၀)ဦးဖြင့်ဖွင့်လှစ်၍ သဘာဝဘေးအန္တရာယ်လျော့ချရေး ဆိုင်ရာသင်ခန်းစာများကို စာတွေ့/လက်တွေ့ သီအိုရီများပို့ချပေးခြင်း၊ ဂိမ်းများကစားခြင်း၊ သရုပ်ပြ Drill များဖြင့်ရှင်းလင်းခြင်းများဖြင့် ပို့ချပေးခဲ့ပြီး (၃၀-၁-၂၀၁၉) ရက်နေ့ (၁၆း၀၀)နာရီတွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_jan2019
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့်ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ကန်ကြီး ကျေးရွာ၊ အ.ထ.က (ကံကြီး) စာသင်ကျောင်း၌ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအားဆောင်ရွက်ခဲ့ပြီး နေ့လည်ပိုင်းတွင် နောင်ချိုမြို့နယ်၊ နမ့်ဆောင် ဟူးကျေးရွာ အ.ထ.က (ခွဲ) စာသင်ကျောင်း၌ ကျောင်းသား/သူ (၄၀၀) ဦးတို့အား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ (၃၀) ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားရာတွင် (UEHRD) ကော်မတီကို ပြည်ထောင်စုစီမံကိန်း တစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဥက္ကဌအဖြစ်ဆောင်ရွက်၍ ဒုတိယဥက္ကဌတစ်ဦးနှင့် အဖွဲ့ဝင် (၂) ဦးဖြင့် ၂၀၁၇ ခုနှစ်၊ … Read more
-
မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေး အိမ်အခြေပြုမှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ဇန်နဝါရီ ၃၀၊ နေပြည်တော် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် အိမ်အခြေပြုမှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးလှသိန်းနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အစိုးရကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး ကြိုးပမ်းလျက်ရှိရာ ပြည်သူပြည်သားအားလုံးတန်းတူညီမျှ အခွင့်အရေးရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊လူတစ်ဦးချင်းစီ၏အခွင့်အရေးကိုအကာအကွယ်ပေးနိုင်မည့်ဥပဒေများပေါ်ပေါက်လာစေရေးအတွက်ဆောင်ရွက်နေပါကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေးဖော်ဆောင်ရေးနှင့် ကာကွယ်ပေးနိုင်သောဥပဒေများလည်း ပေါ်ပေါက်ပြီးဖြစ်ပါကြောင်း၊ထို့ကြောင့်မသန်စွမ်းသူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးမှုသည်ပိုမိုပီပြင်လာပြီဖြစ်ပါကြောင်း၊မျှော်မှန်းထားသည့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် လူမှုသဟဇာတဖြစ်ရေး၊ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့နှင့်ဆက်စပ်နေပါကြောင်း၊ မသန်စွမ်းသူ များနှင့်ပတ်သက်လျှင်စွမ်းနိုင်သမျှ စွမ်းအောင်ကြိုးစားဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်လိုအပ်ပါကြောင်း၊ ငွေကြေး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၀၉:၃၀) နာရီတွင် မိုင်းကိုး ကျေးရွာအုပ်စု၊ ရန်ရှင်းကျေးရွာ (အမက) မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသူ/သား (၂၅၀) ဦးတို့အား လည်းကောင်း၊ (၁၃:ဝ၀) နာရီချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီကျေးရွာ (အမက) မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသူ/သား (၁၆၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
ငလျင်ဘေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၃၀.၁.၂၀၁၉) ရက်နေ့ (၁၄;ဝ၀) နာရီအချိန်တွင် မကွေးမြို့၊ အထက (၄) အစည်းအဝေးခန်းမတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ သူ (၅၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄;၃၀) နာရီတွင် ငလျင်ဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ … Read more
-
သဘာဝဘေးအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service Myanmar (CWS) မှ ဝန်ထမ်းများ၊ ကျေးရွာပြည်သူများနှင့်အတူ (၃၀-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောင်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာ၌ မီးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ကျေးလက်ဆေးပေးခန်းရှေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီမှ(၁၄း၃၀) နာရီအချိန်ထိ ဇမ္ဗူသီရိမြို့နယ် ၊အ.ထ.က(၇)စာသင်ကျောင်းတွင် ကျောင်းသူ/ကျောင်းသား (၂၇၀)ဦးတို့အား သဘာဝဘေး အသိပညာများ ဟောပြောခဲ့ပြီး ကျောင်းအတွက်ဗီနိုင်းပိုစတာများ၊ ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2019









