သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်ထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စု၊ မြို့စိုးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာသူ/သား (၁၂၅) ဦးအား အသိပညာပေးဟောပြောခြင်း၊ Pakokku Royal Review ဂျာနယ် အယ်ဒီတာချုပ်မှ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာများ၊ ထင်မြင်ယူဆချက်များအား ဆွေးနွေးခြင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌမှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ ဖြစ်ပွားပြီးချိန်များ၌ ဒေသခံ CSO များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်း အားလည်းကောင်း၊ သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးဗီနိုင်းပိုစတာများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_jan2019

Sign Up

Upcoming Events