သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၁၉)” သင်တန်းဆင်းပွဲအခမ်းအနားသတင်း

31 Pic-01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၈-၁-၂၀၁၉)ရက် နေ့မှ(၃၀-၁-၂၀၁၉)ရက်နေ့ထိဖွင့်လှစ်သည့် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၁၉)”ကို သင်တန်းသား/ သင်တန်းသူ(၃၀)ဦးဖြင့်ဖွင့်လှစ်၍ သဘာဝဘေးအန္တရာယ်လျော့ချရေး ဆိုင်ရာသင်ခန်းစာများကို စာတွေ့/လက်တွေ့ သီအိုရီများပို့ချပေးခြင်း၊ ဂိမ်းများကစားခြင်း၊ သရုပ်ပြ Drill များဖြင့်ရှင်းလင်းခြင်းများဖြင့် ပို့ချပေးခဲ့ပြီး (၃၀-၁-၂၀၁၉) ရက်နေ့ (၁၆း၀၀)နာရီတွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar

#bgo_jan2019

Sign Up

Upcoming Events