မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေး အိမ်အခြေပြုမှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

ဇန်နဝါရီ ၃၀၊ နေပြည်တော်
မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် အိမ်အခြေပြုမှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးလှသိန်းနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အစိုးရကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး ကြိုးပမ်းလျက်ရှိရာ ပြည်သူပြည်သားအားလုံးတန်းတူညီမျှ အခွင့်အရေးရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊လူတစ်ဦးချင်းစီ၏အခွင့်အရေးကိုအကာအကွယ်ပေးနိုင်မည့်ဥပဒေများပေါ်ပေါက်လာစေရေးအတွက်ဆောင်ရွက်နေပါကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေးဖော်ဆောင်ရေးနှင့် ကာကွယ်ပေးနိုင်သောဥပဒေများလည်း ပေါ်ပေါက်ပြီးဖြစ်ပါကြောင်း၊ထို့ကြောင့်မသန်စွမ်းသူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးမှုသည်ပိုမိုပီပြင်လာပြီဖြစ်ပါကြောင်း၊မျှော်မှန်းထားသည့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် လူမှုသဟဇာတဖြစ်ရေး၊ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့နှင့်ဆက်စပ်နေပါကြောင်း၊ မသန်စွမ်းသူ များနှင့်ပတ်သက်လျှင်စွမ်းနိုင်သမျှ စွမ်းအောင်ကြိုးစားဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်လိုအပ်ပါကြောင်း၊ ငွေကြေး ပုံမှန် ထောက်ပံ့ပေးရုံမျှသာမကပညာရေး၊ ကျန်းမာရေး၊လူမှုရေးနှင့်ပတ်သက်ပြီးစွမ်းဆောင်ရည်မြင့်မား နိုင်စေရန် အတွက်ပါစီစဉ်ဆောင်ရွက်ရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်ပေးနိုင်ခြင်းသည် အလွန် အရေး ကြီးပါကြောင်း၊မိမိတို့ဝန်ကြီးဌာန ကမသန်စွမ်းသူများနှင့်ပတ်သက်၍ ကူညီပံ့ပိုးပေးမှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ငွေကြေးထောက်ပံ့မှုဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးတွင် မသန်စွမ်းသူများ၏ အမည်စာရင်းကောက်ယူပြီးက နဦးပံ့ပိုးမှုလုပ်ငန်း စတင်ဆောင် ရွက်လျက်ရှိပါကြောင်း၊အစိုးရ၏ ဆောင်ရွက်မှုများအပြင် ပြင်ပအဖွဲ့အစည်းများ၏ ပါဝင်မှု အရေးကြီးကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့်မသန်စွမ်းသူများအတွက်အဖက်ဖက်မှနည်းလမ်းပေါင်းစုံဖြင့်ပိုမိုဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသည့်အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၏ မှိုလုပ်ငန်းစီမံချက် ဆောင်ရွက်ခြင်းသည်နည်းပညာဖြင့်ဆောင်ရွက်မှုဖြစ်ပြီးမသန်စွမ်းသူများအတွက်ထိရောက်သောအလုပ်အကိုင် ဖန်တီးပေးမှုဖြစ်သည်ဟုယုံကြည်ပါကြောင်း၊မသန်စွမ်းသူများအတွက်မှိုစိုက်ပျိုးရေးသင်တန်းကိုနိုင်ငံတော်အစိုးရ၊ APCD ဖောင်ဒေးရှင်းနှင့်ရွှေမင်းသားဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၉.၅.၂၀၁၈)မှ စတင်ဆောင်ရွက်ခဲ့ရာမှယခုအချိန်ထိဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုအခမ်းအနားသည်မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်စံနမူနာဖြစ်ပါကြောင်း၊မသန်စွမ်းသူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ခြင်းဖြစ်သလိုအစိုးရ၏ဆောင်ရွက်မှုများအတွက်လည်းအင်အားတစ်ရပ်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ယခုစီမံချက်သည်မသန်စွမ်းသူများအနေဖြင့်ဝင်ငွေတိုးစေမည့်အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်ပြီး၎င်းသင်တန်းမှတစ်ဆင့်တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်အိမ်တွင်းမှိုစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းပုသိမ်၊ရေကြည်၊ဓနုဖြူ၊ဟင်္သာတမြို့နယ်များတွင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ(၁)နှစ်စီမံချက်သည်မသန်စွမ်းသူများနှင့်မသန်စွမ်းမိသားစုဝင်(၁၃၂)ဦးခန့်နှင့်စီမံကိန်းနယ်မြေအတွင်းရှိမှိုစိုက်ပျိုးသူ (၈)ဦးခန့်တို့ကိုတိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်ပြီးမသန်စွမ်းမိသားစုဝင် (၇၀၀) ဦးခန့်ကို လည်း သွယ်ဝိုက်၍အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
စီမံကိန်းအားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့်စီမံကိန်း၏မျှော်မှန်းရလာဒ်များဖြစ်သည့်မသန်စွမ်းသူများ၏အသက်မွေးဝမ်းကြောင်းပညာရပ်ဆိုင်ရာအသိပညာ၊အတတ်ပညာနှင့်ကျွမ်းကျင်မှုများ၊ငွေကြေးစီမံခန့်ခွဲ့မှုဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေခြင်း၊စိုက်ပျိုးရေးလုပ်ငန်းများတွင်မသန်စွမ်းသူများ၏ပါဝင်မှုကိုမြှင့်တင်ခြင်းအားဖြင့်စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုများတွင်မသန်စွမ်းသူများအားထုတ်လုပ်စွမ်းအားရှိသောလူသားအရင်းအမြစ်များအဖြစ်အသိအမှတ်ပြုလာစေခြင်း၊မသန်စွမ်းသူများ၏ကိုယ်ပိုင်ယုံကြည်မှု၊ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့်မိမိကိုယ်ကိုလေးစားမှုတိုးမြှင့်လာစေခြင်း၊အစိုးရဝန်ကြီးဌာနများနှင့်မသန်စွမ်းအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာစေခြင်းတို့ကိုပြည့်မီစေမည်ဖြစ်ကြောင်းသိရှိရပါသည်။

#hl1
#npw_jan2019

Sign Up

Upcoming Events