လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၀၉:၃၀) နာရီတွင် မိုင်းကိုး ကျေးရွာအုပ်စု၊ ရန်ရှင်းကျေးရွာ (အမက) မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသူ/သား (၂၅၀) ဦးတို့အား လည်းကောင်း၊ (၁၃:ဝ၀) နာရီချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီကျေးရွာ (အမက) မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသူ/သား (၁၆၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_jan2019